ဘုရားသခင်/နှစ်သက်တော်မူသော/အရာ/ကို လုပ်ဆောင်ခြင်း
13
ညီအစ်ကို/မောင်နှမ/ကဲ့သို့ အချင်းချင်း ဆက်/၍ ချစ်ကြလော့။ 2 သူစိမ်းတို့/အား ဧည့်ဝတ်/ပြု/ရန် မမေ့လျော့နှင့်။ ထိုသို့/ပြုသော/သူ တချို့/သည် မသိမှတ်ဘဲ ကောင်းကင်တမန်များ/ကိုပင် ဧည့်ခံခဲ့ကြပြီ။ 3 သင်တို့/ကိုယ်တိုင် အကျဉ်း/ကျနေ/သကဲ့သို့ သဘောထား/လျက် အကျဉ်း/ကျနေ/သူတို့/ကို သတိရလော့။ သင်တို့/၏/ကိုယ်ခန္ဓာ/၌ နှိပ်စက်/ညှဉ်းဆဲခြင်း/ခံနေရ/သကဲ့သို့ သဘောထား/လျက် နှိပ်စက်/ညှဉ်းဆဲ/ခံနေရသော/သူတို့/ကို သတိရလော့။4 ထိမ်းမြား/လက်ထပ်ခြင်း/ကို လူတိုင်း/တန်ဖိုးထား/လေးစားရမည်။ အိမ်ထောင်ရေး/တွင် တစ်ဦး/ကို/တစ်ဦး သစ္စာရှိ/ရမည်။ ဘုရားသခင်/သည် တရား/နှင့်/မညီသော မေထုန်/ကို ပြုသူတို့/နှင့် အိမ်ထောင်ရေး/ဖောက်ပြန်သော/သူတို့/ကို စီရင်တော်မူ/လိမ့်မည်။
5 အသက်ရှင်/နေထိုင်ရာ/တွင် ငွေ/မမက်ဘဲ ရှိသည့်/အရာ/နှင့် ရောင့်ရဲလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/က
“ငါ/သည် သင်တို့/ကို မည်သည့်/အခါမျှ ထားခဲ့မည်/မဟုတ်။
မည်သည့်/အခါမျှ စွန့်ပစ်မည်/မဟုတ်”a
ဟု မိန့်တော်မူခဲ့/သောကြောင့်/ဖြစ်၏။
6 ထို့ကြောင့်
“ထာဝရဘုရား/သည် ကျွန်ုပ်/ကို ကူညီ/မစတော်မူသည်/ဖြစ်/၍
ကျွန်ုပ်/သည် မကြောက်ရွံ့။
လူ/သည် ကျွန်ုပ်/ကို မည်သို့/ပြုနိုင်မည်နည်း”
ဟု ကျွန်ုပ်တို့/သည် ယုံကြည်/စိတ်ချမှု/နှင့် ပြောနိုင်ကြ၏။
7 ဘုရားသခင်/၏ နှုတ်ကပတ်/တရားတော်/ကို သင်တို့/အား ဟောပြောခဲ့သော သင်တို့/၏/ခေါင်းဆောင်များ/ကို သတိရကြလော့။ သူတို့/၏ အသက်ရှင်/နေထိုင်ပုံ/မှ ရရှိသော အကျိုး/ရလဒ်/ကို ဆင်ခြင်/၍ သူတို့/၏ ယုံကြည်ခြင်း/ကို အတုယူကြလော့။
8 ယေရှု/ခရစ်တော်/သည် မနေ့၊ ယနေ့၊ နောင်/ကာလ အစဉ်/မပြောင်းလဲဘဲ ရှိတော်မူ၏။
9 ထူးဆန်းသည့် အယူဝါဒ/အမျိုးမျိုး ဆွဲဆောင်ရာ နောက်/သို့ မလိုက်ကြနှင့်။ စိတ်နှလုံး/ကို ခိုင်ခံ့မြဲမြံ/စေရာ/တွင် အစားအစာ/အားဖြင့် မဟုတ်ဘဲ ဘုရားသခင်/၏ ကျေးဇူးတော်/အားဖြင့် ခိုင်ခံ့မြဲမြံစေ/လျှင် အကျိုး/ရှိ၏။ အစားအစာ/နှင့် ပတ်သက်သော/ပညတ်များ/ကို လိုက်နာသော/သူတို့/မှာမူ မည်သည့်/အကျိုး/ကို/မျှ မရရှိ။
10 ကျွန်ုပ်တို့/တွင် ယဇ်ပလ္လင်/တစ်ခု ရှိ၏။ ထို/ယဇ်ပလ္လင်/မှ ပူဇော်သက္ကာ/ကို တဲတော်/၌ အမှုတော်ဆောင်သော/သူတို့/သည် စားခွင့်/မရှိကြ။ 11 ယဇ်ပုရောဟိတ်မင်း/သည် ယဇ်ကောင်များ/၏/အသွေး/ကို အပြစ်ဖြေရာ/ယဇ်/အဖြစ် အသန့်ရှင်းဆုံး/ဌာနတော်/ထဲသို့ ယူဆောင်သွား/ကာ ယဇ်/အသေကောင်များ/ကိုမူ စခန်း/ပြင်တွင် မီးရှို့ရ၏။ 12 ထို/နည်းတူ ယေရှု/သည် လူတို့/ကို မိမိ/အသွေး/အားဖြင့် စင်ကြယ်/စေရန် မြို့တံခါး/အပြင်/၌ အသေခံတော်မူ၏။ 13 ထို့ကြောင့် ကျွန်ုပ်တို့/သည် စခန်း/အပြင်/ဘက်သို့ ထွက်/ကာ ကိုယ်တော်/ထံ သွား/၍ ကိုယ်တော်/ခံရသော ကဲ့ရဲ့/ရှုတ်ချခြင်း/ကို ခံကြစို့။ 14 အဘယ်ကြောင့်ဆိုသော် ဤ/လောက/၌ ကျွန်ုပ်တို့/အတွက် တည်မြဲသော/မြို့ မရှိ/သောကြောင့် ဖြစ်၏။ အနာဂတ်/၌ ပေါ်ထွန်းမည့်/မြို့/ကိုသာ ကျွန်ုပ်တို့/တောင့်တကြ၏။
15 ထို့ကြောင့် ကျွန်ုပ်တို့/သည် ယေရှု/ပြုခဲ့သော/အမှုတော်/အားဖြင့် ဘုရားသခင်/၏ နာမတော်/ကို ဝန်ခံ/လျက် ဘုရားသခင်/အား ချီးမွမ်းခြင်း/ယဇ်/ကို အစဉ်/ပူဇော်ကြပါစို့။ 16 ကောင်းမှုပြု/ရန်/နှင့် သူတစ်ပါး/ကို ကူညီ/ရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော/ယဇ်ပူဇော်ခြင်း/ကို ဘုရားသခင်/နှစ်သက်တော်မူ/သောကြောင့် ဖြစ်၏။ 17 သင်တို့/ခေါင်းဆောင်များ/၏/စကား/ကို နာခံ/၍ နားထောင်ကြလော့။ သူတို့/သည် မိမိတို့/ပြုသည့်/အမှု/ကို ဘုရားသခင်/ထံ အစီရင်/ခံရမည်/ဖြစ်၍ သင်တို့/၏/စိတ်ဝိညာဉ်/ကို အစဉ်/စောင့်ရှောက်ကြ၏။ သင်တို့/နာခံ/လျှင် သူတို့/သည် ဝမ်းမြောက်/စွာ လုပ်ဆောင်ကြ/လိမ့်မည်။ မလိုက်နာ/လျှင် သူတို့/ဝမ်းနည်းရ/သဖြင့် သင်တို့/အတွက် မည်သည့်/အကျိုး/မျှ ရှိမည်/မဟုတ်။ 18 ကျွန်ုပ်တို့/အတွက် ဆုတောင်းပေးကြလော့။ ကျွန်ုပ်တို့/သည် မိမိကိုယ်ကိုယ်/လိပ်ပြာသန့်/ကြောင်း စိတ်ချ/ပြီး အရာရာ/တိုင်း/တွင် ကောင်းမွန်/စွာ ပြုမူ/နေထိုင်/လိုစိတ်/ရှိကြ၏။ 19 သင်တို့/ထံ ကျွန်ုပ်/အမြန်ဆုံး ပြန်လာ/နိုင်ရန်/အတွက် ဆုတောင်းပေးကြလော့/ဟု အထူး/တိုက်တွန်းပါ၏။
ကောင်းချီးပေးခြင်း/နှင့် နှုတ်ဆက်ခြင်း
20 ထာဝရ/ပဋိညာဉ်တရား/၏ သွေးတော်/အားဖြင့်
သိုးတို့/၏ သိုးထိန်းကြီး/ဖြစ်တော်မူသည့် ကျွန်ုပ်တို့/သခင်/ယေရှု/ကို
သေခြင်း/မှ ထမြောက်စေတော်မူသော
ငြိမ်းချမ်းခြင်း/၏/အရှင် ဘုရားသခင်/သည်
21 မိမိ/နှစ်သက်တော်မူသော အရာ/ကို
ယေရှု/ခရစ်တော်/အားဖြင့် ကျွန်ုပ်တို့/တွင်b ပြုတော်မူပါစေသော။
ကိုယ်တော်/၏ အလိုတော်/ကို သင်တို့/ဆောင်ရွက်/နိုင်ရန်
ကောင်းမှု/အမျိုးမျိုးတို့/ဖြင့်
သင်တို့/ကို ပြီးပြည့်စုံ/စေတော်မူပါ/စေသော။
ထို/သခင် ယေရှု/သည် အစဉ်/ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
22 ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်/သည် သင်တို့/ထံ အကျဉ်းချုံး ရေးလိုက်ခြင်း/သာ ဖြစ်/၍ ကျွန်ုပ်/၏ အားပေး/တိုက်တွန်းစကား/ကို နားထောင်ကြ/ရန် ကျွန်ုပ်/တိုက်တွန်း/နိုးဆော်ပါ၏။
23 ကျွန်ုပ်တို့/၏/ညီအစ်ကို တိမောသေ/သည် ထောင်/မှ လွတ်မြောက်ပြီ/ဖြစ်ကြောင်း သင်တို့/အား သိစေလို၏။ မကြာမီ သူ/ရောက်လာ/ပါက သင်တို့/နှင့် တွေ့ဆုံ/ရန် ကျွန်ုပ်/လာ/သောအခါ သူ့/ကိုပါ ခေါ်ခဲ့မည်။
24 သင်တို့/၏ ခေါင်းဆောင်များ/နှင့် ယုံကြည်သူc/အပေါင်းတို့/ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသော/သူတို့/သည် သင်တို့/ကို နှုတ်ဆက်လိုက်ပါ၏။ 25 ဘုရားသခင်/၏/ကျေးဇူးတော်/ကို သင်တို့/အားလုံး ခံစားရပါစေသော။
ဟေဗြဲ/ဩဝါဒစာ ပြီးပါပြီ။